အမရပူရမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အမရပူရ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် ဆောက်တောဝကျေးရွာအနီးရှိ ၅၁ လမ်း၊ လမ်းဘေး ဝဲ/ယာတွင် အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၏ စီမံမှုဖြင့် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီအချိန်က အဆိုပါ လမ်းပေါ်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့် ပျိုးပင်များကို သက်ဆိုင်ရာ ဦးစီးဌာနများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။ ထို့နောက် သတ်မှတ်နေရာများတွင် နေရာယူပြီး ပျိုးပင်များကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိူးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ရွှေရည်အောင်နှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လက်​ထောက်ညွှန်ကြားရေးမှူး ဦးမြအောင်နှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဆောက်တောဝကျေးရွာ၊ ပြည်လုံးကျော်ကျေးရွာနှင့် ဒေါင်းရွေးကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ စုစုပေါင်း အင်အား ၅၀၀ ဦးတို့မှ  စိန်ပန်းနီပျိုးပင် ၃၀၀ပင်၊စိန်ပန်းပြာပျိုးပင် ၃၀၀ပင် ၊တမာ ပျိုးပင် ၅၆ ပင်၊ မယ်ဇယ်ပျိုးပင် ၂၀၀ ပင်နှင့် သင်္ဘောတည် ပျိုးပင် ၂၀၀ ပင်စုစုပေါင်းပျိုးပင် ၁၀၅၆ ပင်ကို တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)