မိတ္ထီလာမြို့နယ်တွင် ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေစေရေးနှင့် အရိပ်ရအပင်များ ရရှိစေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိတ္ထီလာ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေစေရေးနှင့် အရိပ်ရအပင်များ ရရှိစေရေးတို့အတွက် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများအား ပျိုးပင်များကို ပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သက်ထွဋ် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်သူများက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြရာ ၎င်းမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ယင်းမာအပင် ၁၀၀၊ ဒဟတ် အပင် ၁၄၀၊  တမာ အပင်  ၃၀၀ တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီးလေးရပ်ဖြစ်သည့် သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားထိုး အခြား လောင်စားများ တိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ  လုပ်ငန်းကြီးလေးရပ်မှ တစ်ခုဖြစ်သည့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းနှင့် အညီ ကျောင်းဝန်း အတွင်း စိမ်းလန်းစိုပြေရေးနှင့် အရိပ်ရအပင်များ ရရှိစေရေး ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ရှမ်းတဲ)တွင် ကျင်းပရခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝေယံဖြိုးထံမှ သိရသည်။                                                  

သိန်းမြင့်ကျော်(မိတ္ထီလာ)