မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေး ‌ဇွန် ၁၆

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း (Book Club) က ဆရာ‌ရွှေဥဒေါင်း ၏ အကြံဉာဏ်ဖြင့် ကြီးပွားရေးစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက် (၈) နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက  စာဖတ်ဝိုင်းကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း‌ဆွေးနွေးသည်။ ထို့နောက် စာရေးဆရာဟာမိုနီက အောင်မြင်ခြင်း၏ အခြေခံဖြစ်သောတရား၊ ပညာရပ် တစ်ခု ကောင်းတတ်မြောက်ခြင်း၊ ယုံကြည်ခြင်းနှင့် စိတ်ကူးဉာဏ် ခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်း၊ ဆရာအောင်ထက်က ကွက်စိတ်ရိုက်၍ အကြံထုတ်ခြင်း၊ လူတိုင်းသည်ကုန်သည်၊ ဆုံးရှုံးရခြင်း၏ အကြောင်းရင်းအချက်ကြီးများ ခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်း၊ ဆရာမယုက မိမိ ကိုယ်ကို စစ်တမ်းထုတ်ရန်အချက်များတွင် ငါသည်အလုပ်ကို ရွေ့ဆိုင်းတတ်သော အလေ့အကျင့်ရှိပါသလား၊ ငါသည်အလုပ်တစ်ခုကို ပြီးဆုံး အောင်လုပ်မည့် ဇွဲသတ္တိရှိပါလား၊ ငါသည်အများနှင့် ဆက်ဆံရာတွင် ချောမွတ်ပြေပြစ်ပါရဲ့လား၊ ငါမှန်းထားတဲ့ ပန်းတိုင်ရောက်ပါရဲ့လားဟု မိမိကိုယ်ကို မေးခွန်းမေးရန် အရေးကြီးကြောင်း အစရှိသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် စာပေဝါသနာရှင် များက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်သန်း