ဝါးခယ်မမြို့နယ်၌ မှတ်ပုံမတင်ရသေးသော ဆေးဝါးများအား မီးရှို့ဖျက်စီး

ဝါးခယ်မ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မှတ်ပုံမတင်ရ သေးသော ဆေးဝါးများအား မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဇွန်လ ၁၃ ရက်နေ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) အဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာ မှတ်ပုံမတင်ရသေးသော ဆေးဝါးများအား သိမ်းဆည်းခဲ့‌ကြောင်း၊ ယင်းဆေးဝါးများကို ယမန်နေ့မွန်လွဲ ၃ နာရီ အချိန်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းထက်၊ ဒုရဲအုပ်အောင်ထိုက်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးတို့မှ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း မှတ်ပုံမတင်ရသေးသော သိမ်းဆည်းရမိသည့် ဆေးဝါးများအား မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)