လားရှိုး ဇွန် ၁၆
လားရှိုးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ထားရှိမှုရှိ/မရှိ အခြေအနေများနှင့်ပတ်သက်၍ စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ခြင်းကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း နှင့်တာဝန်ရှိသူများက လားရှိုးမြို့နယ်အတွင်း လားရှိုး-မန္တလေးပြည်ထောင်စုကားလမ်းမကြီးဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် ဒေသခံများ၏ စိုက်ခင်းများ မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည့် အထောက်အထားများနှင့် ဆောင်ရွက်ထားမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုအပ်သည်များကို ကူညီဖြည့်စွက် လမ်းညွှန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်အတွင်းရှိ ဒေသခံများအနေဖြင့် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြကာ အသက်မွေးဝမ်းကျောင်းပြုကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)