ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပုလော  ဇွန် ၁၆

၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမော်က ကျောင်းသား လူငယ်များ အနေဖြင့် ဗလငါးတန် ဖွံ့ဖြိုးသော လူငယ်များဖြစ်လာဖို့ မူးယစ်ဆေးဝါး အန္တရာယ်ကို သိရှိ‌ကာကွယ်နိုင်စေရန်နှင့်  မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ပူးပေါင်းတိုက်ဖျက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရမှူးဝင်းထိုက် မူးယစ်ဆေး ဆိုသည်မှာ၊ မူးယစ်ဆေး သုံးစွဲခြင်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေး သုံးစွဲရခြင်း၏ အဓိက အကြောင်းအရာများ၊ ကျောင်းသား/ လူငယ်များအနေဖြင့် လိုက်နာရမည့် အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲဦ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရ ကျောင်းသူ/ကျောင်းသားများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)