တံတားဦး ဇွန် ၁၆
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးဟန်ထိန်းအောင်က ကျောင်းသား/သူများ အနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန် ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြား အန္တရာယ်နှင့် လူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်နိုင်ရန်အတွက် အသိပညာဗဟုသုတများ ရရှိရေး ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးဘိုမောင်က ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ လူငယ်များ ဆေးသုံးစွဲရာမှ စွဲစေတက်သည့် ဆေးဝါးများအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီဂမှူး ဒေါ်သီတာခိုင်က မူးယစ်ဆေးဝါး ပပျောက်ရေး မဟာဗျူဟာ(၂)ရပ်အကြောင်းနှင့် စိတ်ကြွ ရူးသွပ်ဆေး အကြောင်းတို့ကိုလည်းကောင်း အသီးသီးပြောကြားကြသည်။
ထို့နောက် အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သတ်သက်၍ မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တံတားဦးမြို့မစခန်းမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီး အခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီအရာရှိနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့ အခြေခံပညာ ဦးစီးဌာနမှ ကျောင်းသား/သူများ တက်ရောက်ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားရေးနှင့် နှုတ်မှုစွမ်းရည် မြင့်မားရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပေးပြီး ကျောင်းသား/ သူများအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးကြောင်း သိရသည်
ဦးရဲတင့်( ပြန်/ဆက်)