တမူးမြို့တွင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း အသိပညာပေး(Talk Show) ပြုလုပ်

တမူး ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တမူးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်​ခြင်း အသိပညာပေး( Talk Show)ကို ယနေ့နံနက်(၉)နာရီအချိန်က တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က (Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တမူးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ကျော်၊ ဒုတိယဦးစီးမှူး ဦးကျော်မင်းဌေးတို့နှင့် ကလေးသူငယ်များအပေါ်မပြုလုပ်သင့်သည့် အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခများ၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးငယ်တွေအတွက် လိုအပ်သည့် သတ်မှတ်ချက်များနှင့် ဆောင်ရွက်ပေး​နေမှုများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ဆောင်ရွက်နေသည့်အပြင် စာပေချစ်သူများနှင့်အပတ်စဥ် စာဖတ်ဝိုင်များ၊ ဟောပြောပွဲများ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ လစဥ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရတနာ