ကျောက်မဲမြို့နယ်၊ အမှတ်(၉) အခြေခံပညာမူလွန်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကျောက်မဲ ဇွန် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အ.မ.က(၉)မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား ကျောင်းအုပ်ဆရာကြီး ဦးစိုင်းသန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး            ဒေါ်နှင်းရည်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြောင်း သိရသည်။

ယင်းနောက် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များကို တက်ရောက်လာကြသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)