ဖျာပုံ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၇) နာရီခွဲအချိန်က ဖျာပုံမြို့အမှတ် (၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။
ထိုသို့ ရောင်းချပေးရာတွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းဦး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမင်းဇော်၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာကျော်မြင့်၊ မြို့နယ်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့်ဝန်ထမ်းများသည် ဖျာပုံမြို့ အမှတ် (၁၅) ရပ်ကွက်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆီ (၁) ပိဿာလျှင် (၄၂၀၀)ကျပ်၊ ဘဲဥ (၁) လုံးလျှင် (၂၄ဝ) ကျပ်၊ ဝက်သား (၁) ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ပဲသီး၊ ချဥ်ပေါင်ရွက်စသောဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေးလျက်ရှိကြသည်။ဖျာပုံမြို့နယ်အနေဖြင့်
အခြေခံစားသောက်ကုန်ပစ္စည်းများကိုပြည်သူများသို့သက်သာသောစျေးနှုန်းဖြင့်တစ်ပတ်လျှင်၊ တစ်ကြိမ်၊ တနင်္လာနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)