ခန္တီး ဇွန် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရေသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အကြောင်းအရာများ သိရှိနားလည်စေရန် ရည်ရွယ်၍ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် လူမှုဝန်ထမ်းဉီးစီးဌာန၊ တိုင်းဒေသကြီးဉီးစီးမှူး ဒေါ်လှိုင်မိုးမြတ်က ကလေးအလုပ်သမား ဖြစ်ရခြင်းအကြောင်းအရင်းများ မြန်မာနိုင်ငံတွင် ကလေးများအား ကလေး အလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာကာကွယ်တားဆီးရန်နှင့် ဉပဒေအရ တရားဝင်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဉပဒေနှင့်အညီ ထိရောက်စွာအကာကွယ်ပေးရန် အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် စသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ရည်မှန်းချက်ထား ဆောင်ရွက်နေမှုများကို ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ သင်တန်းတက်ရောက်နေသည့် သင်တန်းသား/သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)