မာန်အောင် ဇွန် ၁၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ငအင်းကျေးရွာအုပ်စု၊ ငအင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ အခြေပြု၍ ကျေးလက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးနှင့်ဝန်ထမ်းများက ငအင်းကျေးရွာအုပ်စု၊ ငအင်းကျေးရွာရှိ ကျေးလက်နေပြည်သူ (၆၀) ဦးခန့်အား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချိုရှိသူများအား ဆေးကုသပေးခြင်း၊ ထုံနာ၊ ကျဥ်နာရှိသူ များအား လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများပေးခြင်း စသည့် ကျေးလက်နေ ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းဖေ