မောက်မယ်မြို့နယ်တွင်နွေနှမ်းများအောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ ရေသွင်းစိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၁၄ နွေနှမ်းများ အသီးရင့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကာ မိုးဦးကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး မိုးစပါးစိုက်ပျိုးချိန်အမီ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

မောက်မယ်မြို့နယ်အတွင်း လမ်းနယ်နမိတ်များအပေါ် ကျူးကျော်နေမှုများ ကွင်းဆင်းတိုင်းတာဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျောက် လမ်းနယ်နမိတ်များပေါ်တွင် ကျူးကျော်မှု၊ မြို့မြေ၊ ရွာမြေ၊ စီမံကိန်းမြေနှင့် မြို့များ တိုးချဲ့မှုအခြေအနေများနှင့်ပတ်သက်၍

ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များ၌ ကမ္ဘာ့ဖခင်များ‌နေ့ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကရင်ခရစ်ယာန်အသင်းတော်များ၌ ကမ္ဘာ့ဖခင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် သက်ဆိုင်ဘုရားရှစ်ခိုး ကျောင်းများတွင် အသင်းတော်မှာရှိသည့် ဖခင်များအား ယမန်နေ့က ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက (အစို) ၁၂၀ တင်း ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက မြို့နယ်အတွင်း စိုက်ပျိုးထားသော နွေစပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း သိရှိနိုင်ရန် နွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၈နာရီခွဲ အချိန်က ပြည်လုံးကျော်ကျေးရွာအုပ်စု ကွင်းအမှတ် (၅၇၈-က) ကွင်း၊ ကွင်းအမည် - မင်းစုကွင်း၊ ဦးပိုင်အမှတ် (၅၀/၁)၊ ဧရိယာ ၃ ဒသမ ၃၆ ဧကရှိ ​စံကွက်ကောင်းကိုယ်စားပြုတောင်သူ ဦးအောင်မင်း၏ လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော နွေစပါး (ရွှေသွယ်ရင်)စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က ကမမောင်းမြို့ ရပ်ကွက်နေပြည်သူ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်ခြင်းများကို လူစီကားရာနေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင် ပေးမှုကြောင့် သီးနှံမျိုးစုံ (၁၇၂) ဧက အောင်မြင်စွာစိုက်ပျိုးနိုင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆည်ရေများကို အသုံးပြုကာ စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံ တစ်ခုအား ပြန်လည်ပြုပြင်ပေးမှုကြောင့် သီးနှံမျိုးစုံ (၁၇၂) ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့၌ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပညာရေးဌာနနှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to