သာပေါင်းမြို့နယ်တွင် ပြည်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဆန် ရောင်းချပေး

သာပေါင်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယ‌မန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ ပြည်သူများအတွက် အခြေခံစားသောက်ကုန် ဆန်များ ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်တို့က ပြည်သူများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ဆန်တစ်ပြည်(၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်