နတ်မောက် ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ နတ်မောက်မြို့နယ် ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ ကွင်းအမှတ် (၈၃၆) ကွင်းရှိ နွေစပါးအောင်မြင် ဖြစ်ထွန်းနေမှုအား ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေ၊ မျိုး၊ ပိုး တာဝန်ခံများဖြစ်သည့် ဒု-တိုင်းမှူး ၊ ခရိုင်မှူးတို့က စပါးစိုက်ခင်းများအား စပါးဖျက်ပိုးကျရောက်ပါက ထိရောက်စွာ ကာကွယ်နှိမ်နင်းရေးအတွက် ပိုးသတ်ဆေးပက်ဖျန်းနည်း မှန်ကန်စေရန်နှင့် ပိုးဥနှင့် ပိုးကောင်ငယ်အဆင့်တွင် နှိမ်နင်းပါက ပိုမိုထိရောက်နိုင်ကြောင်း နွေစပါးစိုက်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
နွေစပါးများကို နတ်မောက်မြို့နယ်တွင် မတ်လ ဒုတိယပတ်တွင်စတင်စိုက်ပျိုးပြီး ဇူလိုင်လပထမပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ နွေစပါးများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း