ရွှေဘိုမြို့ အ.ထ.က (၂) တွင် လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

​ရွှေဘို ​ဇွန် ၂၀

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်​ရွှေဘိုမြို့ အ.ထ.က(၁) တွင် ခရိုင်လူငယ်​ရေးရာ​ကော်မတီနှင့် အ​ခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော အသိပညာ​ပေး​ဟော​ပြောပွဲကို ယနေ့နံနက် ၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က (၂) ​ကျောင်းအုပ်ဆရာကြီး​က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်​အေးမြင့်စန်းက အသိပညာပေးဟော​ပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်​ဆေးအမျိုးအစားများ၊ မူးယစ်​ဆေးသုံးစွဲရခြင်း အ​ကြောင်းအရင်းများ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့် အချက်များကို​ဆွေး​နွေး​ပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်နိုင်နိုင်ဝင်းက အားကစားလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် ကျန်းမာ​ရေး​ကောင်းပြီး ရည်မှန်းချက်ပန်းတိုင် အ​ရောက်လှမ်းနိုင်မည်ဖြစ်​ကြောင်း၊ အားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာနည်းစနစ်များ၊ ဘော်လီဘော ကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ပြေးခုန်ပစ်ဆိုင်ရာနည်းစနစ်များ၊ စစ်တုရင်ကစားခြင်း နည်း စနစ်များ၊ စားပွဲတင် တင်းနစ်ကစားနည်းစနစ်များအား အသိပညာပေးပြောကြားခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနခရိုင်ဦးစီးမှူး​ဒေါ်​ချောစုက​သဘာဝဘေး ၉ မျိုးနှင့်ပတ်သက်၍ဖြစ်​ပေါ်လာပါ​က ကြိုတင်ကာကွယ်ရမည့်အချက်များ စောင်ရန်ရှောင်ရန်အချက်များကို ဟော​ပြော​ပြီး၊ လက်​တွေ့သရုပ်ပြသကာ ကျောင်းအတွက် ဘော်လုံးနှင့်စာအုပ်၊ လက်​ဆေးဆပ်ပြာရည်များ​ ထောက်ပံ့​ပေးအပ်ရာ​ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။

​ဟော​ပြောပွဲသို့​ ကျောင်းသား​ကျောင်းသူ (၂၅၀) ဦး​ တက်​ရောက်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံ​ရေးဦးစီးဌာန၊ ခရိုင်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အသိပညာ​ပေးလက်ကမ်းစာ​​စောင်များ ဖြန့်ဝေ​ပေးခဲ့ပြီး နံရံကပ်စာစောင်များပြသရာ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့​ကြောင်း သိရသည်။

ရွှေဘိုခရိုင် (ပြန်/ဆက်)