အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မအူပင် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် ‌၉ နာရီ ၃၀ မိနစ်အချိန်က အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ငွေတာရာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ရောဂါများအကြောင်းအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား‌/သူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ၎င်းနောက် ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများအား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြရာ ဝာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားအား အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade (6)၊ Grade (7)၊ Grade (9) ကျောင်းသား ကျောင်းသူ (၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။                 

မအူပင်ခရိုင်(ပြန်/ဆက်)