နမ့်ဆန် ဇွန်၂၀
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း(ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေစီမံချက်၊ စီမံကိန်းဝင် ကျေးရွာဖြစ်သော ဘုရားကြီးကျေးရွာအုပ်စု မန်ပန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်(4 unit) လက်ဆေးကန် တည်ဆောက်ခြင်းနှင့် လီတာ(၂၀၀၀)ဆန့် အမြင့်တင်ရေစည်တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောက်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေ စီမံချက်မှ ထောက်ပံ့ငွေ(ကျပ် ၃၀၆၅၀၀၀)နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ကျပ်(၅၀၀၀၀၀)စုစုပေါင်းကျပ်(၃၅၆၅၀၀၀)ဖြင့် ဆောက်လုပ်ပြီးစီးကြောင်း ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝေထံမှ သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)