ဓနုဖြူမြို့နယ်တွင် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ

ဓနုဖြူ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၇နာရီခွဲအချိန်မှ စတင်၍ အမှတ်(၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး၊ လှိုင်ထိပ်ထားဓမ္မာရုံတွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဆန်()ပြည်လျှင် ၂၅၀၀ကျပ်နှုန်း၊ ဆီ()ပိဿာလျှင် ၅၅၀၀ကျပ်နှုန်း၊ ဘဲဥ()လုံးလျှင် ၁၅၀၀ ကျပ်နှုန်း၊ အာလူး()ပိဿာလျှင် ၂၇၅၀ကျပ်နှုန်း၊ ငါးမြစ်ချင်း ()ပိဿာလျှင် ၆၅၀၀ကျပ်နှုန်း၊ ဝက်သား ()ပိဿာလျှင် ၁၄၀၀၀ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက်()စီးလျှင် ၁၀၀ကျပ်နှုန်းဖြင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ထိုသို့ရောင်းချပေးခြင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၇နာရီခွဲအချိန်မှ စတင်၍ အများပြည်သူဆိုင်ရာ နေရာများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)