ရွှေတောင်မြို့နယ်တွင် ကောက်ညှင်းမွှေး (၁၃) ဧကအနက် စံကွက် (၃) ဧကရိတ်သိမ်းခြင်း အခမ်းအနားပြုလုပ်

ရွှေတောင် ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၂၁)  မင်းရွာကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက တောင်သူ ဦးလင်းလင်း စိုက်ပျိုးထားရှိသည့် ကောက်ညှင်းမွှေး (၁၃) ဧကအနက် စံကွက် (၃) ဧကရိတ်သိမ်းခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ (မြို့နယ်စိုက်/ ကြပ်ကော်မတီဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ ၊မြို့နယ်စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုစုပေါင်းအင်အား (၈၅) ဦးခန့်တက်ရောက်ခဲ့ပြီး (၁) ဧကလျှင် အစိုအထွက်တင်း (၁၁၀. ၆၄) တင်း ထွက်ရှိကြောင်း သိရသည်။

ကိုကို မင်း (ပြန် / ဆက်)