ရွှေကျင် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အနောက်ဘက်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ လမ်းညွှန်မှုဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်ရည်ရွယ်၍ ရွှေကျင်မြို့နယ် ကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ လမ်းညွှန်မှုဖြင့် အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ သောင်လယ်ကျေးရွာ၊ မောင်းရုံကျေးရွာ၊ အနောက်ဘက်ကျေးရွာများရှိ နေအိမ်များသို့ မြို့နယ်ကျန်းမာရေးမှူးဦးတင်မိုးဝင်းမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများပြုလုပ်ခဲ့ပြီး မိမိတို့အိမ်ခြံဝန်းအတွင်း ခြင်များခိုအောင်နိုင်သော အမှိုက်ပုံများ၊ ရေအိုင်ချိုင့်ခွက်များ၊ ရေအိုးအဟောင်းများ စသည့်နေရာများအား အမြဲသန့်ရှင်းရေးဆောင်ရွက်ထားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)