သံတောင်ကြီး ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်Community Centre ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျောင်းသူ/ ကျောင်းသားများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ စာဖတ်ခြင်း အလေ့အထများ ရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ပြီး ပန်းချီပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ