တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တာချီလိတ် ဇွန် ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီတွင် အဖြစ်များလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်နှင့် ခြင်အန္တရာယ်ကင်းဝေးစေရန် ယနေ့နံနက် ၇ နာရီက ဆန်ဆိုင်း (ခ)ရပ်ကွက် ဂေါက်ကွင်းလမ်း၊ လမ်းဘေးဝဲယာ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဗျူဟာအခြေချ (တာချီလိတ်)မှ ဗိုလ်မှူးကြီး သူရဇော်လွင်စိုး ဦးဆောင်သော နယ်မြေခံတပ်မတော်သားများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ စုပေါင်း၍ မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ဂေါက်ကွင်းလမ်းဘေးဝဲယာ၌ ပေါက်ရောက်နေသည့် သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များမပေါက်ဖွားနိုင်စေရန် ရေမြောင်းများအတွင်း အမှိုက်များနှင့်ရေဝပ်ရေကျန်များ ဆယ်ယူရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)