မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ အမျိုးသမီးငယ်များအား အသိပညာပေးဟောပြော

မြိတ် ဇွန်   ၂၁

နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း တက်ရောက်လျက်ရှိကြသော သင်တန်းသူ အမျိုးသမီးငယ်များအား ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲ များပြုလုပ်ပြီး  ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဟောပြောခဲ့ကြသည်။

အသိပညာပေးဟောပြောရာ၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကျန်းမာရေးအသိပညာပေး အစီအစဉ်များ၊ လူငယ်နှင့်စာရိတ္တ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စသည့်အကြောင်း အရာများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့အတူ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် သင်တန်းသူများ၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူး ဒေါ်ဝါဝါခိုင်၊ သင်တန်းကျောင်း ကျောင်းအုပ်ဒေါ်စုမြတ်အေး၊ သင်တန်းကျောင်း ဆရာမများတို့က စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြရာ တာဝန်ရှိသူများကစာဖတ်ခြင်း၏အကျိုး ကျေးဇူးများအကြောင်းကို ဆွေးနွေးခဲ့ကြပြီး သင်တန်းသူများက သင်တန်းကျောင်း စာကြည့်တိုက်မှ ဖတ်ရှုလေ့လာခဲ့ကြသော စာအုပ်များဖြင့် ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)