ညောင်ဦးမြို့နယ်၌ ပုဂံဒေသထွက် လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက် လက်ဆောင်ပစ္စည် းထုတ်လုပ်ရောင်းချသော ဈေးဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ညောင်ဦးခရိုင် စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးခေါင်းဆောင်သော စစ်ဆေးရေးအဖွဲ့သည် ညောင် ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန်းယုမော် (လက်ထောက် ညွှန်ကြားရေးမှူး)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်သီတာထွန်း (လက် ထောက်ညွှန်ကြားရေးမှူး) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်စိုးစိုးအေး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် ပုဂံဒေသထွက် လက်ဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပုဂံဒေသထွက်ကုန်ပစ္စည်းများအား နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေး၊ ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်၊ ပုဂံဒေသထွက်ပစ္စည်းများအား နိုင်ငံတကာ ခရီးသွားများ ကျယ်ပြန့်စွာ သိရှိဝယ်ယူအသုံးပြုရေးအ တွက် အားမြှင့်တင်ဆောင်ရွက်ရန်နှင့် ပုဂံဒေသဈေးဆိုင်များ စနစ်တကျ ရှိစေရေး ကြီးကြပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရောင်းချလျက်ရှိသည့် ပစ္စည်းများကိုလည်း သန့်ရှင်းစွာ ထားသိုပြီး သက်ဆိုင်ရာများက သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများဖြင့် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း