ဗန်းမော် ဇွန် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဗန်းမော်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သီသီအောင်က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်းနှင့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အသိပညာပေးပြောကြားခြင်း၊ ဗန်းမော်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်ခင်လေးမြင့်က သက်ငယ်မုဒိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် အုပ်ထိန်းသူ မိဘများနှင့်ကလေးများ လိုက်နာသတိပြုရမည့် အချက်များပြောကြားခြင်း၊ ဗန်းမော်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်ထွေးမို့မို့အောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်နော်မေဖော့က တိုင်းရင်းဆေးဖြစ်သော နနွင်း၏ အသုံးဝင်ပုံအကြောင်း အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်