ပေါင် ဇွန် ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာ နေဗီယာ မြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျခတ်ငူကျေးရွာရှိ တောင်သူတစ်ဦး၏ စိုက်ပျိုးမြေ(၁)ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြသ စိုက်ပျိုးရာတွင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေး လုပ်ကိုင်ကြသူများ တက်ရောက် စိုက်ပျိုးခဲ့ကြသည်။
မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိရစ္ဆာန်အစားအစာ နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာကျွေးစနစ်ဖြင့် ဆောင်ရွက်နိုင်ပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ် ကျွေးမွေးနိုင်ရန်နှင့် ပြည်တွင်းကျွဲနွား မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်း ကောင်းသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ရေး ရည်ရွယ်ကြောင်း မြို့နယ်အတွင်းရှိ ကျွဲနွား၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် နေဗီယာမြက် စိုက်ပျိုးနိုင်ရေးအတွက် ဌာနမှလည်း ပျိုးပင်များကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)