ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ဒေးဒရဲ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ဒေးဒရဲမြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ (၁၀၁၈)ဦးရှိပြီး သက်ကြီးပင်စင်စား များနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ပင်စင်လစာငွေများကို ဇွန်လ(၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ နံနက်(၈)နာရီမှ မွန်းလွဲ (၂)နာရီအတွင်း လာရောက်ထုတ်ယူသူ အားလုံးကို ထုတ်ပေး လျက်ရှိပြီး ၎င်းရက်အတွင်း လာရောက်မထုတ်ယူနိုင်သူများကို (၂၀၂၃)ခုနှစ် ဇူလိုင်လ လဆန်းပိုင်းတွင် ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ် ကြောင်း၊ အငြိမ်းစားပင်စင်လစာငွေများကို ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

အေဇာလင်း