ဝိုင်းမော် ဇွန် ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက နိုင်ငံရေးဦးတည်ချက် (၁၂) ချက်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး၊ မိုးတွင်းကာလတွင် ဖြစ်တတ်သော ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး ရပ်ကွက်ကျေးရွာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးထင်လင်းဦးက နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာမှူး ဦးအေးလွင်က (Biometric entroliment Application) နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကြည်ထွန်းက ဆောင်ရွက်ပြီး၊ ဆောင်ရွက်ရန်၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိဌာနနှင့်သက်ဆိုင်သော လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်စီမံရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဖြူစင်