ကလိန်အောင်မြို့အတွင်းထွက်ရှိ‌သော ယိုဒယားကိုင်းဆက်ကြက်မောက်သီးများ စျေးကောင်းရရှိ

ကလိန်အောင် ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း မိုးရာသီထွက်ရှိသော  ယိုးဒယားကိုင်ဆက်ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီး စီးပွားဖြစ် စိုက်ပျိူးသူ ခြံရှင်များက စျေးကောင်းရရှိလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ကြက်မောက်သီး အမျိုးအစားတွင် ယိုးဒယားကိုင်းဆက်မျိုးနှင့် မြန်မာမျိုးဟူ၍ အသီးနှစ်မျိုးရှိရာ ယခုနှစ်တွင်စိုက်ပျိုးရေးကုန်ကျစရိတ်များ မြင့်တက်လာသော်လည်း ယိုးဒယားကိုင်းဆက်သီးကို စီးပွားဖြစ်စိုက်ပျိုးလာကြသူများလာကြောင်း သိရသည်။

ယိုးဒယားကြက်မောက်သီးမျိုးမှာ အလုံးကြီးပြီးအခွံကျွပ်ကာ စားရတဲ့အရသာမှာလည်း အလွန်ချိုသဖြင့် စားသုံးသူများက ယိုးဒယားမျိုးကို ပို၍ဝယ်ယူစားသုံးလာကြသဖြင့် ယိုးဒယား ကိုင်းဆက်မျိုးကို စီးပွာဖြစ် ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

ယခုချိန်တွင် ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ယိုးဒယား ကြက်မောက်သီးများ စတင်ထွက်ရှိနေပြီး စျေးကွက်ဝင် သီးနှံဖြစ်သော ကြက်မောက်သီးများကို မြို့အနီးအနားကကျေးရွာများ၊ ကံပေါက်နှင့် ထားဝယ်စသည့်မြို့များမှ ဖောက်သည်လာယူလျက်ရှိသည်။

ယခင်နှစ်ကထက် ဒီနှစ်ကတော့ စျေးကောင်းရရှိနေကြောင်း ယခင်နှစ်ကတော့ ကြက်မောက်သီး တစ်ကီလိုကို(၂၅၀၀)ကျပ်သာရရှိပြီ ယခုနှစ် လက်ရှိ‌ဈေးနှုန်းမှာ ကြက်မောက်သီး (မြန်မာသီး) တစ်ကီလိုကို(၄၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်နှင့် ကိုင်းဆက်ယိုးဒယားမျိုး တစ်ကီလိုကို (၆၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ထိရောင်းချနေကြောင်း သိရသည်။ ကော့လှိုင်ကျေးရွာမှ ယိုးဒယား ကြက်မောက်သီး စီးပွားဖြစ် စိုက်ပျိုးရောင်းချသူ ဦး‌ဝင်းနိုင်ထံမှ သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)