နတ်မောက် ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကွင်းအမှတ် (၈၃၇)ရှိ တောင်သူဦးရန်ရှိန် စိုက်ပျိုးထားသော FS-RS မျိုးစေ့ထုတ် ရတနာတိုး (၁)ဧကခွဲ နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် ဒေသဝမ်းစာဖူလုံရေးအတွက် စပါးကို အဓိကထား စိုက်ပျိုးကြပြီး စပါးမျိုးကောင်း၊ မျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက်များ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကွက်၊ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များ၊ စံပြကျေးရွာများကို ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုးစေ့ချ ကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စနစ်တကျ စိုက်ပျိုးခြင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများ တိုးပွားလာစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေး ကောင်းမွန်ကာ ပြည်ပစျေးကွက်များသို့ တိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် FS-RS နွေစပါးမျိုးစေ့ထုတ် ရတနာတိုး (၁)ဧကခွဲ စံပြကွက်ကို မတ်လ ဒုတိယပတ်တွင် စိုက်ပျိုး၍ ဇူလိုင်လပထမပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ပြီး တစ်ဧကအထွက်နှုန်း (၉၀)တင်းထွက်ရှိရန် ခန့်မှန်းထားကြောင်း သိရသည်။
မူမူစန်း