မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပါဠိဖတ်နည်းဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

မကွေး ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဓမ္မစင်္ကြာနှင့် အနန္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဝတ်ရွတ်အသင်းများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ ယှဉ်ပြိုင်နိုင်ရေးအတွက် ပါဠိဖတ်နည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ပါဠိဖတ်နည်း ဆင့်ပွားသင်တန်းကို မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စိုးပပ ဦးဆောင်၍ ခရိုင်/မြို့နယ်များမှ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများ၊ ဓမ္မစင်္ကြာနှင့် အနန္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပြိုင်ပွဲဝင်မည့် ဝတ်အသင်းများနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ကာ၊ အစည်းအဝေးတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့် သတိပြုရန်အချက်များနှင့် ပတ်သက်၍  တိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စိုးပပ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပါဠိဖတ်နည်း ဆင့်ပွားသင်တန်းကို သင်ကြားပို့ချပေးခဲ့ပြီး၊ အဆိုပါ သင်တန်းတွင် သင်ကြားခဲ့သည်များအား ပြန်လည် ဆန်းစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါပါဠိ ဖတ်နည်း ဆင့်ပွားသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ