သာပေါင်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ ချေးငွေရယူထားသည့် တောင်သူများ၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူ ထားသည့် ရေခဲစက်လုပ်ငန်း၊ တံမြက်စည်းလုပ်ငန်း၊ ဖိနပ်လုပ်ငန်းများ ချေးငွေရယူပြီး လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်