ငပုတောမြို့၌ အသက် (၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးထိုးနှံ

ငပုတော ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အသက် (၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ငပုတောမြို့ အ​ခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်း၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ပညာသင်ကြားနေသော အတန်းလိုက် စနစ်တကျ စာရင်းသွင်း၍ ထိုးနှံပေးနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ​ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူ များအား ဆက်လက်ထိုးနှံပေးရန်နှင့် အခြားလိုအပ်သည်များကို ​တာဝန်ရှိသူများထံ  မှာကြားခဲ့ ကြောင်း သိရသည်။

အလားတူ အခြေခံပညာမူလတန်းကျောင်း အ-မ-က ဥယျာဥ်ကုန်းနှင့် အ-မ-က(၂) အခြေခံပညာ မူလတန်းကျောင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုအား တာဝန်ရှိသူများမှ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)