ကာမိုင်း ဇွန် ၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ် ကာမိုင်းမြို့နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ရပ်ကွက် အတွင်းရှိ အတည်တကျပြောင်းရွှေ့နေထိုင်သည့် (RC) စစ်ရှောင် ပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်အိတ်များကို ယမန်နေ့ နံနက် (၁၀)နာရီခွဲက တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေနှင့် ဆန်အိတ်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ (RC)စစ်ရှောင်စခန်းမှ အတည်တကျပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၁၂)စု၊ လူဦးရေ (၅၁)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့်လည်းကောင်း၊ ကာမိုင်းမြို့ ဆန်လုပ်ငန်းရှင်များမှ စုပေါင်း၍ အိမ်ထောင်စု (၁)စုလျှင် ဆန်အိတ် (၁)အိတ်နှုန်းဖြင့် လည်းကောင်း မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များက သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)