ပုသိမ် ဇွန် ၂၂
ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ဧရာဝတီတိုင်းဒေသကြီး)တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်ပိုင်းက ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဧရာဝတီတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးစန်းငွေက ဧရာဝတီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြင့်ဟန်