နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

နတ်မောက် ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက န/ဖုန်ကုန်းကျေးရွာသို့ ကွင်းဆင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ ဦးစီးအရာရှိနှင့် တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် န/ဖုန်ကုန်းကျေးရွာမှ ကော်မတီဝင်များ၏ ငွေစာရင်းဖြည့်သွင်းထားရှိမှု၊ စာရင်းဇယားထိန်းသိမ်းမှုများနှင့် စစ်ဆေးပြီး မြစိမ်းရောင်ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်အဖွဲ့ဝင်များနှင့်အတူ ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်မှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျေးရွာကော်မတီဝင်များမှ ငွေစာရင်းလုပ်ငန်းများ သတ်မှတ်ထားသည့်အတိုင်း ဖြည့်သွင်း ဆောင်ရွက်ထားကြောင်း သိရသည်။

မူမူစန်း