ငပလီ​မြို့၌လူငယ်​ရေး​ရာအသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ

ငပလီ ဇွန် ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ ​​လူငယ်အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယ​နေ့ နံနက် ၁၀ နာရီက အမကငပလီ​​ကျောင်း စာသင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီမြို့ ဦးစီးမှုးဒေါ်မြင့်မြင့်အေးက မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များအား ​ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာ​စောင်နှင့် ခင်းကျင်း​ပြသထား​သော စာအုပ်စာစောင်များကို​ စိတ်ဝင်တစား​ လေ့လာကြည့်ရှုခဲ့​ကြ‌ကြောင်း သိရသည်။

ငပလီပြန်/ဆက်