ကျောက်မြောင်း ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန်လ ၂၀ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူများအား စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး စာစီစာကုံးပြိုင်ပွဲနှင့် မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကို အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်မှ ကျောင်းသား/သူများ ပြုလုပ်ရခြင်းမှာ ကျောင်းသား/သူများ ကြိုးစားလိုစိတ်များ ဖြစ်ပေါ် လာစေခြင်း၊ ပြိုင်ပွဲဝင်ခြင်းကြောင့် ရဲရင့်လာခြင်း၊ အပြိုင်ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာစေခြင့်နှင့် ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သိင်္ဂီထွေး(ဒုတိယဦးစီးမှူး)မှ ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောက်မြောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးနေဇော်ဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သိင်္ဂီထွေး၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းဌေးနှင့် ဆရာ/ဆရာမများမှ ပြိုင်ပွဲဝင်ကျောင်းသား/သူအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြိုင်ပွဲဝင်ဆုရ ကျောင်းသား/ သူများကို(၂၁.၆.၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀) အချိန်တွင် ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေး မှ ပြိုင်ပွဲဝင် ကျောင်းသား/သူများကို နှစ်သိမ့်ဆုအဖြစ် စာအုပ်(၁)အုပ်၊ ဘောပင်(၁)ချောင်းနှင့် ခဲတံ(၁) ချောင်းတို့အား ပေးအပ်ခဲ့သည်။ ပြိုင်ပွဲတွင် ကျောင်းသား/ သူ (၇၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျောက်မြောင်း(ပြန်/ဆက်)