မင်းတုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

မင်းတုန်း ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေနှင့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းလှိုင်တို့က ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင် သယ်ယူရောင်းဝယ်ဖောက်ကားလျှင် ၎င်းတို့၏ပမာဏအလိုက် အရေးယူမည့် ပုဒ်မနှင့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ လက္ခဏာများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြည်သူများက ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)