မိုင်းလုံမြို့တွင် ယာယီစာသင်‌ကျောင်းဆောင် စတင်ဆောင်ရွက်

မိုင်းလုံ ဇွန် ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေတိုးလာခြင်း၊ (Grade-12)အတန်းအတွက် ကျောင်းဆောင်တိုးလာခြင်းတို့ကြောင့် စာသင်ခန်းများ လိုအပ်သည့်အတွက် ယာယီစာသင်‌ကျောင်းဆောင်ကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။

ယာယီကျောင်းဆောင်ကို သွပ်မိုး၊ ထရံကာနှင့် အကျယ် (၃၀×၁၅)ပေ အခန်း(၅)ခန်း ဆောက်လုပ်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ လိုအပ်သော တိုင်နှင့် တန်းများကို ရပ်ကွက်အလိုက် မိမိတို့ အစီအစဉ်ဖြင့် ခုတ်ယူကြကြောင်း၊ ကျောင်းဆောင်ကို မြို့နေပြည်သူများနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောင်းဆောင်ဆောက်လုပ်ရာတွင် လိုအပ်သော ဘိလပ်မြေအတွက် အလှူရှင်လည်း ရှိထားကြောင်းနှင့် အခြားလိုအပ်သော အိမ်ဆောက်ပစ္စည်းများကိုလည်း ပြည်သူများမှ ထည့်ဝင်မည်ဖြစ်ကြောင်း သိရသည်။   

ဇော်ဇော်(ပြန်/ဆက်)