ဆင်ပေါင်ဝဲ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးတို့ လိုက်ပါ၍ ယနေ့နံနက်(၉)နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်(၃)မျိုးအား စျေးများ အတွင်း၊ အပြင် စျေးကွက် လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စျေးအတွင်းအပြင် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ရှင်များအနေဖြင့် တားမြစ်ဓာတုပစ္စည်းပါဝင်နေသော စားသုံးရန်မသင့်သည့် အစားအသောက်အမှတ်တံဆိပ်ပစ္စည်း (၃)မျိုးမှာ fruity ဂျယ်လီ၊ ကောင်းထက်စံ ယိုစုံ၊ ရွှေမိ ယိုစုံတို့အား သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသည့်အတွက် နောက်နောင် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)