ဘီးလင်း ဇွန် ၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက အ.မ.က(ညောင်လန်း)ကျောင်းနှင့် အ.မ.က(လိပ်ခုံးတောင်)ကျောင်းများသို့ သွားရောက်ကာ အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုသည့် အလေ့အထရရှိလာစေရန် ကလေးအကြိုက် ရုပ်ပြစာအုပ်နှင့် ပုံပြင်စာအုပ်များကို ဖတ်ရှုစေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)