သီပေါမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသက် (၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

သီပေါ ဇွန် ၂၂

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ အသက် (၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့် နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိုးနှံပေးသော ဆေးအမျိုးအစားမှာ Sinopharm အမျိုးအစားဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီသူများအား ဒုတိယအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူများအား တတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံပြီးသူများအား စတုတ္ထအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း အဆိုပါကျောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)