ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဇွန်လ ၂၆ ရက်​နေ့မှာကျ​ရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့၌ စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ

ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်အစာပင် (နေဗီယာမြက်) တစ်ဧက တောင်သူပညာပေး အကောင်အထည်ဖော် စိုက်ပျိုး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ယခုနှစ် မိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများ မွေးမြူထားရှိသည့် ကျွဲ ၊ နွားတိရစ္ဆာန်များအတွက် အစာဖူလုံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာတွင် တိရစ္ဆာန်အစာပင်(နေဗယာမြက်) တစ်ဧကို တောင်သူပညာပေး အကောင်အထည်ဖော် စိုက်ပျိုးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ‌ဝေလွင်ဦးထံက သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မော်လမြိုင်မြို့နယ် ခရွန်းရှမ်းရွာရှိ အအေးခန်းစက်ရုံ၊ ဖားအောက်ကျေးရွာရှိ မိသားစုတစ်ပိုင်တစ်နိုင် လက်ရက်ကန်းလုပ်ငန်းများနှင့် ရွှေဇီဝသဘာဝမြေသြဇာစက်ရုံသို့ လှည့်လည်ကြည့်ရှု

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မော်လမြိုင် မြို့နယ်၊ ခရွန်းရှမ်းရွာရှိ Cold Storages အအေးခန်း သိုလှောင်ရုံသို့ ရောက်ရှိပြီး အအေးခန်းအတွင်း သစ်သီးဝလံ ၊ အသီးအနှံ သိုလှောင်ထားရှိမှု၊ ငါးခြောက်၊ ပုဇွန်ခြောက် သိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ရှိ သစ်သီးဝလံနှင့် သားငါး၊ လုပ်ငန်းရှင်များမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် အေးခဲခန်း (Freezer)များကိုလည်း တည်ဆောက်လည်ပတ်စေပြီး၊ ပြည်ပပို့ကုန် တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ပေါင်းတည်မြို့နယ် ဘုန်းတော်ကြီးသင် မူလတန်ကျောင်း၌ စားသုံးသူရေးရာဆိုင်ရာ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မင်းကွက်(၂)ရပ်ကွက် မဟာဝိသုတာရာမ စာသင်တိုက်အတွင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော ဘုန်းတော်ကြီးသင်မူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောင်းသူ၊ ကျောင်းသားလေးများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်း စိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်း ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပဆောင်ရွက်သည်။

ပန်းတနော်မြို့၌ အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေးဟောပြော

အတက်ရောဂါ ကာကွယ်ကုသဖို့ မျှော်မှန်းချက်ထားလို့ ကြိုပမ်းစို့ ခေါင်းစဥ်ဖြင့် အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to