မြို့သစ်မြို့ ငရုတ်သီးစိမ်းစျေးကွက်အနည်းငယ်ကျဆင်းလာ

မြို့သစ် ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုရက်ပိုင်း ငရုတ်သီးစိမ်းစျေးများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ငရုတ်စိုက်တောင် သူတစ်ဦးထံမှ သိရသည်။

မြို့သစ်မြို့မှ ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးတစ်ပိဿာကို (၄၀၀၀)ကျပ်စျေး အထိရောင်းရတယ်၊ ကနဦးပေါ်တုန်းက (၁၀၀၀)/(၁၅၀၀)ကျပ်ရှိတယ်၊ ယခုစျေး(၄၀၀၀) စျေးအတိုင်းဘဲသွားမယ်ဆိုရင် မိသားစုအတွက် အတော်အသင့်လောက်တော့ အဆင်ပြေပါတယ်၊ ပြီးခဲ့တဲ့ရက်ကဆို (၁၀၀၀၀)စျေးအထိ ရောင်းရသေးတယ်၊ စျေးပြန်ကျသွားတာဟု ၄င်းက ပြောသည်။

ငရုတ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုမှုကောင်းမွန်လျှင် အထွက်နှုန်းကောင်းကာ အသီးလှသဖြင့် စားသုံးသူများ ကြိုက်နှစ်သက်ကာ ပုံမှန်ဝယ်ယူစားသုံကြကြောင်း ငရုတ်စိုက်တောင်သူထံမှ သိရသည်။

သန်းဝင်းထွန်း ( ပြန် / ဆက်)