အုတ်တွင်းမြို့ အ.ထ.က၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေ

အုတ်တွင်း ဇွန် ၂၂

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်း က  အုတ်တွင်းအ.ထ.က၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဖြန့်ဝေပေးသည်။

သတင်းစကားလက်ကမ်းစာစောင်တွင် ပါဝင်သည့် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေး အသွင် တိုက်ဖျက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ နုခန့်ယဉ်(ရစ်ကန်ကြီး)၏ မူးယစ်ဆေးဝါးတို့ ရှောင်ရှားကဗျာ၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များစသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကို ကျောင်းသား ကျောင်းသူများ သိရှိရှောင်ကြဥ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါ‌လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခြင်းဖြစ်သည်။

အေမင်းရည်စော(ပြန်/ဆက်)