ဝါးခယ်မမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဝါးခယ်မ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခန်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ကလေးသူငယ်များအား အကြမ်းဖတ်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ လူကုန်ကူးခြင်းခံရပါက ပြုလုပ်သင့်သည့် အကြောင်းအရာများ၊ တစ်ဦးနှင့် တစ်ဦး ရိုင်းပင်း ကူညီစောင့်ရှောက်ရန်၊ တစ်ဦးတစ်ယောက်တည်း အချိန်မတော်သွားလာခြင်းများ မပြုလုပ်ရန် အစရှိသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ရဲမှူးဇော်နိုင်ဦးမှ လူကုန်ကူးခြင်းဆိုင်ရာ အပြစ်ပေးအရေးယူမှုများနှင့် ပက်သက်သည့် အကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်း‌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)