ဇီးကုန်းမြို့နယ်၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် သရုပ်ပြစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက သရက်တပင်အုပ်စု အိုးဖိုစုကျေးရွာတောင်သူ ဦးဇော်နိုင်၏ စိုက်ကွက်တွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။

လင်းခေးတွင် (Biometric) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်များက ယနေ့နံနက် ၉ နာရီက လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ၄င်းမိသားစုဝင်များအား Biometric အချက်အလက်များကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကိုးတောင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့၊ နေ့လယ်  ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to