ကြည့်မြင်တိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကြည့်မြင်တိုင် ဇွန်     ၂၂

ဇွန်လ ၂၆ ရက်​နေ့မှာကျ​ရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ဇာလင်းက ကျောင်းသား၊ ကျောင်းသူများ ငယ်ရွယ်စဥ်အချိန်၌ မူးယစ်ဆေးဝါးများကို စမ်းသပ်ခြင်းမပြုလုပ်ကြရန်၊  မူးယစ်ထုံထိုင်းစေသည့်ဆေးများ သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ မူးယစ်အစဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်သုံးခြင်းမပြုကြရန်စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)